မန္တလေး တံတားဦးလေတပ်ကို ဖေဖေါ်ဝါရီ (၉) ရက် မှာ လက်နက်ကြီး (၄) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေး အင်အားစုတွေ က ထုတ်ပြန်ထားချက်အရသိရပါတယ်။
တံတားဉီးလေတပ်ထဲကို တော်လှန်ရေးအင်အားစုတွေက ၉၀ မမ (၄) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အဲဒီလို ပစ်ခတ်တိုက်ခိုက်ပြီးနောက် မြို့ပြ တော်လှန်ရေးအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။