◾️အကြမ်းဖက် စစ်ကောင်စီတပ်သားများသေဆုံးဒဏ်ရာရရှိမှုများရှိ
လွိုင်ကော်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စခန်းနေရာတွေကို ဖေဖေါ် ဝါရီ (၁၀)ရက် မနက်ပိုင်း မှာ ကရင်နီပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၄ ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လွိုင်ကော်ရှိ ကယန်းသာယာလမ်းခွဲနဲ့ လင်ဖုံလေးကျေးရွာလမ်းခွဲက စစ်ကောင်စီ စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားလေးဦးသေဆုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ့် သိရပါတယ်။
စစ်ဆင်ရေး အပြီးမှာ ပူးပေါင်းတပ်ဖွဲများအထိခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက လွိုင်ကော်နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေပြီး လက်နက်ကြီးတွေနဲ့ နေ့စဥ်ရမ်းသမ်းပစ်ခတ်နေတာကြောင့် သတိရှိကြဖို ပြောကြားထားပါတယ်။
အခုလိုတိုက်ပွဲတွေကြောင့် ပြည်သူတွေအနေနဲ့ခရီးဝေးသွားလာခြင်းများအတွက် စစ်ရေးအခြေနေများကို အလေး ထားဆင်ခြင်ပြီးမှသာသွားလာကြဖို့ KNDF တပ်ရင်း – ၁၄ က မေတ္တာရပ်ခံထုတ်ပြန်ထားတယ့်သိရပါတယ်။