မကွေးတိုင်း မင်းတုန်းမြို့နယ် ရှိ အလယ်ချောင်းကျေးရွာ က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်မြေရဲစခန်းတခုကို ဖေဖေါ်ဝါရီ (၉) ရက် ည သန်းခေါင်အချိန် မှာ စခန်းအနီးအနားထိ ချဉ်းကပ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force က ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီဘက်က (၂) ဉီးသေဆုံးခဲ့တယ်လို့သိရပါတယ်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတန်ငယ်ပြင်းထန်ခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force က ပြောပါတယ်။
သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force တပ် ဖွဲ့ ဟာ သရက်မြို့အခြေစိုက် ကပစ (၁၂)နဲ့ဲ့ရေမျက်နယ်မြေရဲစခန်းတို့ ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။