◾️စစ်ကောင်စီတပ် အထိနာပြီး သင်္ဘော ကို စွန့်ခွာထွက်ပြေး
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘော တစီးကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၁) ရက် ည (၇)နာရီအချိန်က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ဖေဖေါ်၀ါရီ (၁၀) ရက်မှာ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရေယာဉ်ပေါ်မှာ စက်သုံးဆီပေပါ ၃၀၀၀ ကျော်နှင့် လက်နက်ခဲယမ်းတွေ ၊ စာသုံးကုန်တွေကို ယူဆောင်နိုင်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ က ပြောပါတယ်။
စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောမှာ ကနီမြို့နယ် သပြေတောရွာအနီး သောင်တင်နေတုန်းမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီရေယာဉ် ဟာ အလျားပေ ၂၀၀ခန့်၊ အနံ ပေ ၅၀ခန့့်ရှိတဲ့ကုန်တင်ရေယာဉ်ဖြစ်ပြီး ဇန်နဝါရီ (၃၁)ရက် မှာ စစ်တပ်က အထိနာခဲ့ ပြီးနောက် ရေယာဉ်ကို စွန့်ခွာထွက်ပြေးသွားတဲ့အတွက် သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
သတင်းကို ချက်ချင်းမထုတ်ပြန်ရခြင်းမှာလည်း ရေယာဉ်ပေါ်မှ လက်နက်ခဲယမ်း ၊ စစ်သုံးဆီပေပါတွေ ၊ ဆန်၊ဆီ၊ ဆား နဲ့ စားသောက်ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး ရဲ့လမ်းညွန်မှုနဲ့အတူ ကမ်းပေါ်အရောက် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက (၉)ရက်ကြာသယ်ယူခဲ့ရတဲ့အတွက် ဖေဖေါ်ဝါရီ (၁၀)ရက်မှ သာ တရားဝင်သတင်းထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ က ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးကို ကျောက်လုံးကြီး KLG PDF၊နဂါးညီနောင်အဖွဲ့၊Alphaအဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ယင်းမာပင် PDA၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ချိုမိုင်မိုင်အဖွဲ့၊မြောက်ယမားအဖွဲ့၊ခရိုင်း ရင်း1၊ ခရိုင်း ရင်း 2၊နှင့် ကနီ ယင်းမာပင် ဆားလင်းကြီးမဟာမိတ်ညီနောင်များအဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။