အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် အကျပ်အတည်းကြုံနေရတဲ့ မြန်မာ့အရေးကို အာဆီယံက ဖြေရှင်းရာမှာ ထိုင်းနိုင်ငံအနေနဲ့ တက်တက်ကြွကြွပါဝင်ပေးဖို့ အတွက် မလေးရှား ဝန်ကြီးချုပ်က ဖေဖေါ်ဝါရီ (၁၀) ရက်မှာ ပြုလုပ်တဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် တို့တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဝန်ကြီးချုပ်က အခုလို တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့သိရပါတယ် ။
ဝန်ကြီးချုပ်တာဝန်ယူပြီးနောက် မလေးဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ် ထိုင်းနိုင်ငံဆီပထမဆုံးအကြိမ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာရဲ့အိမ်နီးချင်းဖြစ်ပြီး အာဆီယံရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆို ဖို့အကောင်းဆုံးအနေအထား မှာ ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာ့အရေးဟာ ပြည်တွင်းရေး ဖြစ်တာ ဆိုပေမယ့် စစ်အာဏာသိမ်း မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေဟာ
ဒေသတွင်းကို ဂယက်ရိုက်ခတ်မှုတွေ ရှိနေတယ်လို့မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။
အခုလို တိုက်တွန်း ပြောဆိုမှု အပေါ်ကို ထိုင်းဝန်ကြီးချုပ်က တုံ့ပြန်မှတ်ချက်ပြုတာမျိုးမရှိပါဘူး။
ထိုင်းနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိနေတဲ့အတွက် ထိုင်းအစိုးရဟာ နိုင်ငံတကာရဲ့
ဝေဖန်မှုတွေကိုလည်းကြုံနေရတာလည်း ဖြစ်ပါတယ်။