မကွေးလေတပ် နဲ့ လက်နက်စက်ရုံ ကပစ (၂၅) တို့ကို ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းမှာ ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေး ပြည်သူ့ကာကွယ်ရေးတပ် – မကွေးခရိုင် PDF အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားချက်အရသိရပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး (၅)လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၃လုံး ထိရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (မကွေး) ကိုတွေ့ရစဉ်။
ဒါ့အပြင် မကွေး စစ်ကောင်စီရဲ့ လက်နက်စက်ရုံ ကပစ ၂၅ ကို ၉၀(မမ) လက်နက်ကြီးကျည် ၂ လုံးနဲ့ လည်းထပ်မံပစ်ခတ်တိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ လက်နက်စက်ရုံထဲကို ဖေဖေါ်ဝါရီ (၁၀) ရက် မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အခု ပစ်ခတ်တိုက်ခိုက်မှုအတွက် ထိခိုက် သေဆုံးအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး ။
လက်နက်ကြီးထိမှန်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေက အနီးအနားကရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။