◼ အကြမ်းဖက် စစ်ကောင်စီမှ ဗိုလ်ကြီးစောရဲမိုးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြတ်စိုးသူ အဖွဲ့က မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်
ချင်းပြည်နယ် ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ရည်ရွည်ချက်ရှိရှိမီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇန်နဝါရီ (၃၁)ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ တပ်သားနဲ့ ရဲသုံ့ပန်းတွေဆီက သိရပါတယ်။
ထန်တလန်မြို့ CB ဘဏ်အဆောက်အဦးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ နဲ့ ရဲပူးပေါင်း အဖွဲ့တခုက စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦးကို ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းကာကွယ်ရေးတပ်(CDF)ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောကင်စီတပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့်ထန်တလန်မြို့မြင်ကွင်း။ Photo – Photo | Salai Tial Hram Ling | စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြင်တွေ့ရသည့် ထန်တလန်မြို့မြင်ကွင်းအား တွေ့ရစဥ်။
ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ပြောကြားချက်အရ ဗိုလ်ကြီးစောရဲမိုးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြတ်စိုးသူ အဖွဲ့က
အခုလို မီးရှို့ခြင်းကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ တွေ ထန်တလန်မြို့ကို မီးရှို့ခဲ့တဲ့ လုပ်ရပ်ကိုလည်း မြင်တွေ့ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံများရဲ့ နေအိမ်တွေက ပစ္စည်းများကို ယူဆောင်ခဲ့ကြတယ်လို့ ထွက်ဆိုချက်အရသိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့တာ ဖြစ်ပြီး
ဘုရားကျောင်းများ ဘာသာရေးအဆောက်အဦးတို့ အပါအဝင် လူနေအိမ်ခြေများနဲ့ အဆောက်အဦး ၁,၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။