ကရင်နီ(ကယား) ပြည်နယ် ၊ ဒီးမောဆိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖေါ်ဝါရီ (၁၀) ရက်မနက်ပိုင်းမှာ
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၆ နဲ့ ၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၁၁) ရက် မှာ KNDF တပ်ရင်း(၇) ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ KNDF ပူးပေါင်းတပ်များ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က တဉီးသေဆုံးပြီး ပူးပေါင်းတပ်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ထို့အတူ လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွဲနဲ့ လင်ဖုံလေးကျေးရွာလမ်းခွဲ က စစ်ကောင်စီစခန်းတွေကိုဝင်တိုက်ခဲ့တဲ့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း – ၁၄ က ထုတ်ပြန်ထားတယ်လို့သိရပါတယ်။