မကွေးတိုင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ပူးပေါင်းတပ်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကန်ပြားရဲစခန်းကို စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား (၃၀) ခန့်သေဆုံးခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၁၁) ရက် မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ ကန်ပြားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊မင်ဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့တွေ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သား(၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့ အပြင် ရဲစခန်းအတွင်းရှိ ဘားတိုက်နဲ့ နေရာအချို့ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။
ရဲစခန်းကိုတိုက်ခိုက်စီးနင်းနေချိန်မှာ စစ်ကောင်စီဘက်က စစ်ကူအင်အားအများအပြား နဲ့တိုက်ခိုက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်း အနေနဲ့ အထိအခိုက် အကျအဆုံး(လုံးဝ) မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာပေးခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။