◼ပြည်သူများအနေဖြင့် တရားဥပဒေမဲ့ ရမ်းကားလာမည်ကို စိုးရိမ်
အကြမ်းဖက်စစ်ကောင်စီက တရားဝင်လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ဇန်နဝါရီ (၃၁) ရက် မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဥပဒေအရ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ့စစ်အဖွဲ့များနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တွေဟာ တရား၀င်လက်နက်ကိုင်ဆောင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်။
အခုလို လက်နက်ကိုင်ဆောင်ခွင့်ပြလိုက်တဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့ တရားဥပဒေမဲ့အကာကွယ်မဲ့ မင်းမဲ့စရိုက်တွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။
အကြမ်းဖက်စစ်ကောင်စီက အခု ကိုင်ဆောင်ခွင့် ပြုလိုက်တဲ့ လက်နက်တွေက ဒသမ ၃၈ လက်မနှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ၉ မီလီမီတာနဲ့ဲ့ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊၁၂ ဘိုးနဲ့ အဲဒီပြောင်းထက်ပြောင်းဝငယ်တဲ့ ပြောင်ချောသေနတ်၊ ဒသမ ၂၂ လက်မ နဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်နဲ့ လေသေနတ် တို့ ကို
ကိုင်ဆောင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
အခုလို လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ အကြောက်တရားတွေ တိုးလာအောင် လုပ်သလို ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနှစ်နှစ်ကြာချိန် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်ရဲ့ သုံးပုံနှစ်ပုံလောက်သာ အုပ်ချုပ်နိုင်တယ်လို့ ကာလုံခေါ်ပြီး ပြုလုပ်တဲ့အစည်းအဝေးမှာ သူကိုယ်တိုင်ဝန်ခံထားတာပါ။
ဒါ့အပြင် တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ်လေးခု က မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law)
ဖေဖေါ်ဝါရီ (၂) ရက်က ကြေညာခဲ့ပါတယ်။