Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

တိုင်းဒေသကြီးကို ဦးစားပေးအုပ်ချုပ်မှုထူထောင်နေပြီးမြို့နယ် (၁၅၈) မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်

Share this News:

◼စစ်ကိုင်း ၊ မကွေး ၊ ပဲခူး တိုင်းဒေသတွေမှာ (၇၀) ရာခိုင်နှုန်း ထိန်းချုပ် ထားနိုင်တဲ့ မြို့ပေါင်း (၇၃) မြို့ရှိ ကြောင်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ် ပြောကြား

တိုင်းဒေသကြီး အားလုံးကို ဦးစားပေးအုပ်ချုပ်မှုထူထောင်နေပြီး လက်တလော အနေအထားတွေအရ မြို့နယ် (၁၅၈) မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးပြီဖြစ်ပြီး စစ်ရေးဘက်က နယ်မြေတိုးချဲ့ရရှိလာတာနဲ့ အမျှ အုပ်ချုပ်ရေးကဏ္ဍ ကို အသင့်တည်ထောင်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ဖေဖေါ်ဝါရီ (၁၂) ရက်မှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်က Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု အစီအစဉ် မှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။

ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ချိတ်ဆက်နေတဲ့ ဒေသတွေက အစ တိုင်းရင်းသားတွေရဲ့သ‌ဘောထား အပေါ်မှာ ‌အခြေခံပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပြီး နောင် တချိန်ဖက်ဒရယ် နိုင်ငံတည်ဆောက်တဲ့အခါ အခုကတည်းက တိုင်းရင်းသားတွေရဲ့ သဘောထားတွေကို အလေးထားဖို့ ‌ ပြောကြားခဲ့ပါတယ်။

အုပ်ချုပ်မှုကဏ္ဍကို ဖော်ဆောင်ရာမှာလည်း ကြားကာလ အုပ်ချုပ်မှုဖော်ဆောင်ရေးကော်မတီ ကို ဖွဲ့စည်းပြီး ဆောင်ရွက်ကြောင်း၊NUCCက ချမှတ်တဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှုရှိစေဖို့ အတွက် ဆောင်ရွက်ရကြရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသတွေမှာ (၇၀) ရာခိုင်နှုန်း ထိန်းချုပ် ထားနိုင်တဲ့ မြို့ပေါင်း (၇၃) မြို့ရှိ တယ်လို့ သိရပါတယ်။

ကျန်တဲ့ ့တွေမှာလည်း နယ်မြေတိုးချဲ့လုပ်ဆောင်သွားနိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ နောက်ဆုံးအခြေအနေမှာ တရားရုံးတွေကို တည်ဆောက်ပြီး တရားစီရင်တဲ့အဆင့်တွေအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားပါတယ်။

နယ်မြေထိန်းချုပ်နိုင်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားများနဲ့ဲ့စဉ် ညှိနှိုင်းဆွေးနွေးလျက်ရှိတယ်လို့သိရပြီး တနှစ်တာ စီမံချက်အရ ထူးခြားတဲ့ အုပ်ချုပ်မှု ဖော်ဆောင်ရေးကိစ္စတွေ မကြာမီ ပေါ်ပေါက်လာနိုင်ဖို့ရှိတယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်က Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု အစီအစဉ် မှာ အခုလိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။