အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးခဲ့ရတယ်လို့ ဖေဖေါ်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့မှာ ပေးပို့တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီကလည်း စစ်တပ်အာဏာ သိမ်းခဲ့တဲ့အတွက်ကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းသွားရတာလို့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်က ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းမှုကပဲ တိုင်းပြည်ကို ပိုပြီးကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပုံစံသစ်ဆီ ဦးတည်ပြီး နိုင်ငံရေးအကျပ်အတည်းထဲကို ရောက်ရှိစေခဲ့တာဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကို စစ်ကောင်စီက ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီးနောက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့၊ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးခဲ့တာပါ။