◼အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းသဖြင့် သက်ကြီးရွယ်အို(၃)ဦး နှလုံးရပ်သေဆုံး
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျားရွာကို အကြမ်းဖက်စစ်ကောင်စီက ဖေဖေါ်ဝါရီ(၁၂) ရက်မှာ မီးရှို့ဖျက်ဆီးလိုက်တာ ကြောင့် ဒေသခံပြည်သူများနေအိမ် (၁၀၀၀) ကျော် ပြာကျပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘိုမြို့နယ် အတွင်းက ကျား တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်တပ် နဲ့ ပျူစောထီး အဖွဲ့တွေက ဝင်ရောက် စီးနင်းမီးရှို့ခဲ့တာပါ။
အဲဒီလို စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ရပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် သေနတ်များ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် အသက်အရွယ် ကြီးရင့်သူ (၃) ဦး နှလုံးရပ်ကာ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။