Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) က တပ်သားတဦးလက်နက်အပြည့်အစုံဖြင့် အလင်းဝင်

Share this News:

◼ အိန္ဒိယနဲ့ ဆက်ဆံရေးကို NUG ဖြစ်စေ UN ဖြစ်စေ သေချာစွာညှိနှိုင်းမည် ဆိုပါက CDM စစ်ကောင်စီတပ်သားအရေအတွက် ပိုမိုများပြားလာနိုင်မည်ဖြစ်

ချင်းပြည်နယ် ဖလမ်းမြို့နယ် အခြေစိုက် ခလရ (၂၆၈) တပ်မှ စစ်ကောင်စီတပ်သား တဦးဟာ လက်နက်အပြည့်အစုံ နဲ့ အတူ ၂၀၂၂ ဒီဇင်ဘာ ၂၆ရက် မှာ အလင်းဝင်ရောက်လာတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီတပ်သား ကောင်းမိုးဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် ပြည်သူနဲ့အတူ ပူးပေါင်းဖို့အတွက် CNO/CNDF ထံကို ခိုလှုံခဲ့တာလည်း ဖြစ်ပါတယ်။

လက်နက်အပြည့်အစုံနဲ့ CDM လုပ်ပြီး အလင်းဝင်လာတာကြောင့် CNO/CNDF က ဆုကြေးငွေ ကျပ် သိန်းတရာ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

ချင်းပြည်နယ်နဲ့ စပ်ဆက်နေတဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကို အမျိုးသားညီညွတ်ရေးအစိုးအရ က ဖြစ်စေ UN က ဖြစ်စေသေချာစေ့စပ်ညှိနှိုင်းဆွေး‌နွေးမည်ဆိုပါက ချင်းပြည်နယ်တွင် CDMလုပ်လာမည့် စစ်ကောင်စီတပ်သား အ‌ရေအတွက် ယခုထက်ပိုမိုများပြားလာနိုင်မှာ ဖြစ်ပြီး အလင်းဝင်လာတဲ့ သူတွေအတွက်လည်း ငွေကြေးအပြင် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေ ယခုထက်ပိုမိုပေးလာနိုင်မှာ ဖြစ်တယ်လို့ ချင်းပြည်နယ် စစ်ဒေသမှူး က ပြောကြားခဲ့တယ်လို့သိရပါတယ်။

CNO/CNDFအနေနဲ့ အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာကြတဲ့ စစ်သား၊ရဲတွေကို ၎င်းတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်က ကျပ်သိန်း (၅၀) ဆုချီးမြှင့်ခဲ့ပေမယ့်လည်း အခုအခါမှာထပ်တိုး ကျပ်သိန်း (၅၀) ကိုပါ ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

337
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။