အမေရိကန်၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံခြားရေးရုံးခန်း ဖွင့်ပွဲ အခမ်းအနားကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဖေဖော်ဝါရီလ ၁၃ ရက်မှာ တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရုံးဖွင့်ပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya တို့တက်ရောက်ခဲ့ကြပါတယ်။
“အမေရိကန်အစိုးရအနေနဲ့ Burma Act ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်အားပေးထောက်ခံနေတယ်”
လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဖွင့်ပွဲမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ၊ ကိုးကား | RFA