စစ်ကိုင်းတိုင်း ရွှေဘို ကျောက်မြင့်ရွာ နဲ့ တင့်တယ်ရွာတို့ကို အကြမ်းဖက်စစ်ကောင်စီက ဖေဖေါ်ဝါရီ (၁၂) ရက် တနေ့တည်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် (၆၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ကျောက်မြင့်ရွာကို ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒေသခံများနေအိမ် (၂၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဲဒီနောက် တင့်တယ်ရွာကို နေ့လည်ပိုင်းမှာ ထပ်မံဝင်စီးနင်းပြီး မီးတင်ရှို့ခဲ့ပြန်တာကြောင့် နေအိမ် (၄၀၀) ထပ်မံ မီးလောင်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူတွေ ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စားရေး ၊နေရေးအပြင် သက်ကြီးရွယ်အိုများ အတွက်ကျန်းမာရေးကိစ္စများ ပါ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံများဆီ ကသိရပါတယ်။