◼ ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍဟာ စစ်ရေးကိုလည်း စိုးမိုးအား ကောင်းလာစေမှာဖြစ်
အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ (၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဖေဖေါ်ဝါရီ (၁၄) ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားရမယ့်ပြောကြားခဲ့ပြီး တိုင်းပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ ပထဝီနိုင်ငံရေးကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ယာယီသမ္မတက ပြောကြားပါတယ်။
ဒါအပြင် ယာယီသမ္မတ က ဆက်လက်ပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ ဘေးချင်းကပ်လျက် နိုင်ငံတွေကို ကြည့်ရင်
မတူတဲ့ နိုင်ငံရေးစနစ်တွေကို ကျင့်သုံးတာတွေ့ရမှာဖြစ်ပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းနောက်ခံတွေ ရှိနေတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ပြောကြားပါတယ်။
ယာယီသမ္မတ က ဆက်လက်၍ ဒါတွေကို နားလည်ပြီး လက်တွေ့နိုင်ငံရေးမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်ရေးကို တိုက်တွန်း ခဲ့တာဖြစ်ပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ဆောင်ဖို့ကို အထူးတိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားရာမှာလည်း ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍဟာ စစ်ရေးကိုလည်း ထိထိရောက်ရောက် စိုးမိုးအား ကောင်းလာစေပြီး တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့ကိစ္စတွေမှာလည်း ပိုမိုကောင်းမွန်တဲ့ အဖြေတခု ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာပါ။