မကွေးတိုင်း ရေစကြို အ.ထ.က(၁) ကျောင်းအနီး မီးပွိုင့်ထောင့်မှာ လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီ (၁၄) ရက် မနက် ၈ နာရီ အချိန်မှာ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို(ပကဖ) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား လေးဦးမိုင်းထိမှန်ခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်မှု အပြီးမှာ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်(ပကဖ)က အသိပေးထုတ်ပြန်ထားတာပါ။
ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်က စစ်ကောင်စီတပ်ရဲ့ ငြိမ်းဇာနည်တပ်စခန်းငယ်တခုကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖေါ်ဝါရီ (၁၃) ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁၅)ဦးခန့် သေဆုံးခဲ့ရတယ်လို့သိရပါတယ်။