◼ လူသားချင်းစာနာမှုအကူအညီများ ဆက်သွယ် ကူညီပေးကြဖို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး ထုတ်ပြန်
မြို့နယ် (၃၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ရွာတွေကို နေ့စဥ်စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေသခံ ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး အရေးပေါ်စားနပ်ရိက္ခာများလည်း လိုအပ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဆောင် မိခင်တွေ၊ သွေးသားနုမိခင်များ စသည်တို့ပါဝင်နေတဲ့အတွက်တောထဲမှာ ယာယီထန်းရွက်တဲထိုးနေကြရတယ်လို့သိရပါတယ်။
အဲဒီထန်းရွက်တဲတွေကိုလည်း စစ်အုပ်စုက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒေသခံတွေအနေနဲ့ တောထဲမှာ ဖြစ်သလိုနေရတာကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ဆက်သွယ်ကူညီပေးကြဖို့ကို ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။