ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ (၈) နဲ့ (၉ ရက်မှာ မကွေးတိုင်းအတွင်းက စစ်ရေးဆိုင်ရာ ပစ်မှတ် ၁၉ ခုကို မဟာဗျူဟာကျ ဟန်ချက်ညီ တိုက်ခိုက်ခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၃၁) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ ကာကွယ်ရေးရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လိုဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအတွင်း ရန်သူ့တပ်ရဲ့ ပင်မအဆောက်အဦးတွေနဲ့ ဘားတိုက်တွေ ပျက်စီးခဲ့ပြီး ရန်သူ့တပ်ထံမှ ကား၊ လက်နက်ငယ်များ၊ ကျည်ဆံများနဲ့ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ်ရင်းများ၊ မကွေးခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တပ်ရင်းများ၊ ပခုက္ကူခရိုင်တပ်ရင်းများ၊ ဂန့်ဂေါခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင်တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေနံချောင်း)၊ (မင်းဘူး)၊ (ပွင့်ဖြူ)၊ (ထီးလင်း)၊ ဆိပ်ဖြူ မြို့နယ် (ဘာမထီအဖွဲ့)နဲ့ ဒေသကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးအဖွဲ့များရဲ့ ကွပ်ကဲမှုနဲ့ မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။