Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

တပ်မ(၄၄)စစ်မှုထမ်းဟောင်းဖြစ်သူ ပျူစောထီးစစ်သင်တန်းဆရာတဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

Share this News:

မွန်ပြည်နယ် ပေါင်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူတဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဖေဖေါ်ဝါရီ (၁၅)ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ SOF အထူးတပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပေါင်မြို့နယ် ရင်ငြိမ်းကျေးရွာရှိ မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီဆိုသူကို ရင်ငြိမ်းရွာတောင်ပိုင်း ငွေလျှံလက်ဖက်ရည်ဆိုင်ထဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ SOF အထူးတပ်ဖွဲ့က ပြောပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်စဥ် လက်ဖက်ရည်ဆိုင်အတွင်း အခြားပျူစောထီးအဖွဲ့ဝင်များရှိနေတာကြောင့် စစ်ရေးပစ်မှတ်ထံက လက်နက်ရှာဖွေသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ ပြန်ဆုတ်ခဲ့ရကြောင်း SOF အထူးတပ်ဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။

ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီ

အဆိုပါ ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီအား ပစ်ခတ်ရာမှာ ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက်၊ ဆီးခုံ တချက်(Zip Drill)ပစ်ခတ်ခဲ့တာဖြစ်တာကြောင့် နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူဟာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးအဖွဲ့တွေကို စစ်သင်တန်းပေးနေတဲ့သူတဦးဖြစ်ပြီး ရင်ငြိမ်းရဲစခန်းမှာ ညစဥ်လုံခြုံရေးကင်းစောင့် လေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

266
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
253
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
336
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
172
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။