ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)အတွင်းရှိ တောင်ညိုစစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ (၁၅) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မွမ်းမံသင်တန်းဆင်းပွဲကို ကစယ့်သူး(တောင်ညို)စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေကို တဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ မွမ်းမံသင်တန်းမှာ သင်တန်းသားရဲဘော်တွေကို စာတွေ့၊ လက်တွေ့ အပြည့်အစုံသင်ကြားပေးခဲ့တာ ဖြစ်ပြီး သင်တန်းကာလအားဖြင့် ၂ လတာကြာမြှင့်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။