Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

နဂါးနီစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်တပ်ဆင်ပေးခဲ့

Share this News:

◼ ရဲဘော်တွေရဲ့ တော်လှန်ရေး စိတ်ဓာတ်မာကြောနေမှုကို တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြား

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေရှိ နဂါးနီစစ်ကြောင်း တိုက်ပွဲဝင် ရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသတပ်မှူးများက ဖေဖေါ်ဝါရီ (၁၄) ရက်မှာ လက်နက်တပ်ဆင်ပေးအပ်ခဲ့တယ်လို့ နဂါးနီ စစ်ကြောင်းရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီလက်နက်တပ်ဆင်ပွဲကို တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနဲ့ တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်တွေက စစ်ဒေသခွဲအမှတ် (၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲ့ နဂါးနီစစ်ကြောင်းကို လက်နက်တွေပေးအပ်တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဒ့ါအပြင် စစ်ဒေသခွဲ အမှတ်(၃)အတွင်း စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြတယ်လို့သိရပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ရဲဘော်တွေရဲ့ စိတ်ဓာတ်မာကြောနေမှုကို ဂုဏ်ပြုကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။

နဂါးနီစစ်ကြောင်းဟာ KNU တပ်မဟာ(၆) နယ်မြေမှာလက်ရှိ တိုက်ပွဲဝင်နေတဲ့ စစ်ကြောင်းတခုဖြစ်ပါတယ်။

အမျိုးသားညီညတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ KNUနယ်မြေက စစ်ကြောင်းများအပါအဝင် ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်တွေကို လက်နက်တပ်ဆင်ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်ပေးလျက်ရှိတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

266
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
253
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
336
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
172
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။