Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အမေရိကန်က မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း(၅၀) ထပ်မံ ကူညီမည်

Share this News:

မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် ကန် ဒေါ်လာ သန်း (၅၀)ကို ထပ်မံထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဖေဖေါ်ဝါရီ (၁၅) ရက်မှာ (USAID) က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ တိုးမြင့်လာတဲ့ နေရပ်စွန့်ခွာရမှုတွေ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာပိုမိုရှားပါးလာမှုတွေက ရှိရင်းစွဲလိုအပ်ချက်တွေနဲ့ ပေါင်းနေတဲ့ ဒေသတွေအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် အခုလို အကူအညီ ပေးအပ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

USAID အနေနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ အတူ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေက လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားဖို့နဲ့ ကာကွယ်ရန် ကူညီနိုင်မယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် စခန်းတခုမှ ကလေးငယ်များကိုတွေ့ရစဥ်။

အခုထောက်ပံ့မှုမှာ လစဉ်စားနပ်ရိက္ခာခွဲတမ်းတွေပေးအပ်တာ အသက်ငါးနှစ်အောက်ကလေးငယ်တွ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် အာဟာရဖြစ်စားသုံးကုန်တွေပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် စခန်းတခုမှ ပြည်သူများကိုတွေ့ရစဥ်။

ကမ္ဘာ့ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၇ သန်းကျော် ထဲမှာ လူသုံးဦးတွင် တဦးခန့် – ဟာ ၂၀၂၃ ခုနှစ် အတွင်းလူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေကို လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
207
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။