Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်ကြောင်းထိုးခံရသဖြင့် ဆိပ်ဖြူရှိဒေသခံတသောင်းခန့်နေရပ်စွန့်ခွာထွက်‌ပြေးနေရ

Share this News:

◼️ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ‌ဒေသခံ (၂) ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ ၊ နေအိမ်(၃)လုံးထက်မနည်းပျက်စီးခဲ့

အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီ(၁၃)ရက်မှာ အင်အား (၃၀၀) နဲ့ စစ်ကြောင်းထိုးလာတာကြောင့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ရွာ(၉)ရွာမှ ဒေသခံ တသောင်းခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲက ဘဲကျ၊ သံပုရာပင်၊ သပြေ၊ အနောက်ကဖြူ၊ ရွာမ(တောင်)၊ သာယာကုန်း၊ သက္ကယ်ကျင်း၊ ကျစ်ပြင်စတဲ့ ရွာတွေအပါအဝင် ရွာ(၉)ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – RFA | မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးရသည့် ဒုက္ခသည်များကိုတွေ့ရစဥ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဘဲကျရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ အသက်(၆၀)ကျော်အရွယ်အမျိုးသားတဦးနဲ့ အသက် (၅၀)ကျော်အရွယ် အမျိုးသားတဦးတို့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရခဲ့ကြပြီး လက်နက်ကြီးကြောင့် နေအိမ် သုံးလုံးထက်မနည်း ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။