Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

လွိုင်ကော် -ဘော်လခဲလမ်းမကြီး ရက်အကန့် အသတ်မရှိပိတ်ထား

Share this News:

လတ်တလော စစ်ရေးအခြေအနေတွေ မတည်ငြိမ်တာ‌ ‌ကြောင့် လွိုင်ကော်-ဘော်လခဲ လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တယ်လို့ ဖေဖေါ်ဝါရီ(၁၄) ရက်မှာ ကရင်နီ တော်လှန်ရေး အင်အားစုတွေကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။

လွိုင်ကော်-ဆိုလစယ်-ဒေါတမြေး-ဒေါတမကြီး -ဘောလခဲ စတဲ့လမ်းမကြီး ကို ရက် အကန့်အသတ်မရှိ ပိတ်ထားလိုက်တာဖြစ်ပါတယ်။

လမ်းပိတ်ထားတဲ့ ကာလအတွင်း ခရီးအသွားအလာ မပြုလုပ်ကြဖို့သတိပေးထားပြီး ပြန်လည် ဖွင့်လှစ်မည့်ရက်ကို အသိပေးထုတ်ပြန်သွားမယ်လို့ ‌ကရင်နီ တော်လှန်ရေး အင်အားစုအဖွဲ့က ပြောပါတယ်။

ကရင်နီတော်လှန်ရေး​အင်အားစုတွေ နဲ့ အကြမ်းဖက် စစ်ကောင်စီ ဟာ အဲ့ဒီလမ်းမှာနေရာယူထားပြီး နေ့စဥ် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် (၃၇)မြို့နယ်မှာ ကယား(ကရင်နီ) ပြည်နယ်က ဒီးမော့ဆို၊ ဖရူဆိုဘော်လခဲနဲ့ ရှားတောမြို့နယ်တွေ ပါဝင်ခဲ့ပြီးနောက်မှာ အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။