ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ တပ်ရင်း ခလရ (၂၆၆) က စစ်ကောင်စီတပ်သား နှစ်ဦးဟာ ဖေဖေါ်ဝါရီ (၁၆) ရက်မှာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းအလင်းဝင်လာကြတယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF) – ဆဲန်ထန် က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲဒီ CDM တပ်သား နှစ်ဦးဟာ MA-2 သေနတ် (၁)လက်၊ ကျည်၊ ဗုံးသီး၊ ထောင်မိုင်းများ ယူဆောင်လာခဲ့ကြပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံလာခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ပြည်သူနဲ့အတူ ပူးပေါင်းလာတဲ့ CDM တပ်သား (၂)ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ထိုက်တန်တဲ့ ဆုကြေးငွေပေးအပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးပြီး ဖြစ်တယ်လို့ တယ်လို့ CDF ဆဲန်ထန်က ထုတ်ပြန်ထားပါတယ်။