Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ချင်းအမျိုးသားတရပ်လုံး စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကျွမ်းရာ ကဏ္ဍကနေ ပါဝင်ကြဖို့ CNF ပြောကြား

Share this News:

◼ လက်ရှိဆင်နွှဲနေသော တော်လှန်ရေး စစ်ပွဲကို အမျိုးသားလွတ်မြောက်ရေး အောင်ပွဲအဖြစ် ခံယူကာ ဆက်လက်တိုက်ပွဲဝင်သွားမည်

ပြည်တွင်း ၊ ပြည်ပ ရှိ ချင်းအမျိုးသားတရပ်လုံးအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့နဲ့အတူ မိမိတို့တတ်ကျွမ်းရာ ကဏ္ဍအသီးသီးကနေ ပူးပေါင်းပါဝင်ကြဖို့ လာမယ့် ဖေဖော်ဝါရီ (၂၀)ရက်မှာ ကျရောက်မယ့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်ကို CNF က ဖေဖော်ဝါရီ (၁၆) ရက်မှာ ထုတ်ပြန်ခဲ့ပြီး အခုလိုတိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

အာဏာရှင်ဆန့်ကျင်တွန်းလှန်တဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ၂၀၂၁ ခုနှစ်အလွန် ပြည်သူ့အခြေပြု ပြည်သူ့တော်လှန်ရေးပင် ဖြစ်ကြောင်း CNF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

CNF/CNA အနေနဲ့ လက်ရှိဆင်နွှဲနေသော တော်လှန်ရေး စစ်ပွဲကို အမျိုးသားလွတ်မြောက်ရေး အောင်ပွဲအဖြစ် ခံယူပြီးနိုင်ငံရေးဦးတည်ချက် ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ အမျိုသားညီညွတ်ရေးအစိုးရ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF)

ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည် ထောင်တည်ဆောက်ရေးကိုလည်း Stakeholder များနဲ့ အတူ ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုဒုက္ခပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူအားလုံးအပေါ် ကို လေးစား စာနာကြောင်း ဖော်ပြထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ (၂၀) ရက်မှာ ကျရောက်မယ့် ချင်းအမျိုးသားနေ့ကို အမျိုးသားနိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပဖို့လည်း CNFက တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထူထောင်ရန် ရရာလက်နက် စွဲကိုင်ကာ နွေဦးတော်လှန်ရေး အတွက် အသက်၊ သွေး၊ချွေး၊ အိုးအိမ်၊ စည်းစိမ်ပေါင်းတွေကို စတေးခဲ့ကြပြီး ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ကြတဲ့ နွေဦးတော်လှန်ရေးမှာ သွေးမြေကျခဲ့ရတဲ့ အာဇာနည်များ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရ၀ပြုတယ်လို့လည်း CNFက ထုတ်ပြန်ဖော်ပြထားတာပါ။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။