Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက် စစ်ကောင်စီ ရဲ့ ဆီတင်ယာဥ် (၁၆) စီးပါ ထောက်ပို့ယာဥ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခံရ

Share this News:

◼ ထောက်ပို့ ဆီတင်ယာဥ် (၂) စီး ထိခိုက် ပျက်စီးသွားခဲ့

မိတ္ထီလာ – မန္တလေးလမ်းပိုင်းတနေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆီသယ်ယာဥ်တန်းကို ပဒေသာမိုင်းနဲ့ ဖေဖေါ်ဝါရီ(၁၆) ရက်မှာ တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အောင်စည်တော်စစ်ဆင်ရေးရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ ဆီသယ်ယာဥ် (၁၆) စီးပါ ယာဥ်တန်းဟာ မိတ္ထီလာကနေ မန္တလေးမြို့ဆီ ‌လောင်စာဆီတွေ သယ်ဆောင်လာကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ − CJ | ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီသယ်ယာဉ်တစ်စီး ၂၀၂၁ ခုနှစ် က တိုက်ခိုက်ခံခဲ့ရစဉ်။

မိတ္ထီလာ – မန္တလေးလမ်းဟောင်း ၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့ကြားအရောက်မှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဆီသယ်ယာဉ်ကားတွေအနက် (၂)စီးခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defence Force တပ်ရင်းနဲ့ အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။