Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေရှိ စာသင်ကျောင်း (၇)လုံးကို စကစတိုက်လေယာဥ်(၃)စီးက ထပ်မံဗုံးကြဲ

Share this News:

◼ လေကြောင်းဖြင့် ဗုံး(၆)လုံးကြဲချတိုက်ခိုက် ၊ စာသင်ကျောင်း ၊ လူနေအိမ် နဲ့ အသုံးအဆောင်ပစ္စည်းများ ထိမှန်ပျက်စီး ၊ ကာလတန်ဖိုး သိန်းတထောင် နီးပါး ပျက်စီးဆုံးရှုံးခဲ့ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ (၁၅) ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာ‌ကြောင့် လူနေအဆောက်အဦး အများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဖေဖေါ်ဝါရီ (၁၇) ရက်မှာ တပ်မဟာ(၅)ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ် သုံးစီးဟာ ဖာပွန်(မူတြော်)ခရိုင်၊ ပေးကေးဒဲကျေးရွာအုပ်စုအတွင်းက ထော့ထီးပယ်ကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ လေကြောင်းကနေ ဗုံးသီး ခြောက်လုံး ကြဲချခဲ့တဲ့တာကြောင့် စာသင်ကျောင်း ခုနစ်လုံး၊ လူသူမဲ့အဆောက်အဦး ခြောက်လုံး၊ ဈေးဆိုင် သုံးဆိုင်နဲ့ စပါးကျီ နှစ်လုံး တို့ကို ထိမှန် မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဓာတ်ပုံ − KNU | ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။

ဒ့ါအပြင် လယ်ထွန်စက် လေးစီး ၊ ဆိုင်ကယ် နှစ်စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်းတချပ်နှင့် ဆန်စက်တလုံး စုစုပေါင်း ကာလတန်ဖိုး သိန်းတထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ တိုက်လေယာဉ် သုံးစီးနဲ့ ဖေဖေါ်ဝါရီ (၁၄) ရက်ကလည်း ဒေဘုနိုကျေးရွာအတွင်းကို ဗုံးသီး ခြောက်လုံးနဲ့ လာရောက်ကြဲချရာ လူသူမဲ့အဆောက်အဦး ခြောက်လုံးထိမှန်ကာ မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။

အခုလို လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး နေ့စဉ် လုပ်ငန်းခွင်ကိုပါ အနှောက်အယှက်ဖြစ်စေတာကြောင့် မလုပ်ဆောင်သင့် ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ (၆)နယ်မြေ ညောင်လေးပင်ခရိုင်တို့ ကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက လေကြောင်း တိုက်ခိုက်မှု အကြိမ် (၆၀) နီးပါး ပြုလုပ်ခဲ့ပြီး ဗုံးအလုံး ရေ (၂၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
207
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။