◼ အကြမ်းဖက် စစ်သား (၁၀)ဦးသေဆုံး (၆)ဦးဒဏ်ရာရရှိ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီး အင်အား (၁၀၀)ခန့်ပါတဲ့ တပ်မ (၈၈) စစ်ကြောင်းကို ဖေဖော်ဝါရီ (၁၇) ရက်၊ မနက် (၅) နာရီခန့်မှာ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)က တပ်သားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယ်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
ပြည်သူ့နေအိမ်တွေ မီးရှိုနေတဲ့ အဲ့ဒီတပ်မ(၈၈)နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသာခရိုင်တပ်ရင်း(၃)တို့ကြား ဖေဖော်ဝါရီ (၁၅) ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာခဲ့ကာ အခုလို မန္တလေးဘက်ကို ပြန်ဆုတ်ခွာလာတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်က (၆) ဘီးကား (၃) စီး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရှေ့ထွက်မိုင်း (၃) လုံး၊ ပဒေသာမိုင်း (၂)လုံးတို့နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကားတစီး ထိမှန်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။