Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကြာအင်းဆိပ်ကြီးရှိ ဒေသခံအချို့ကို လူသားတံတိုင်းလုပ်ပြီး ခမရ(၅၆၆)တပ်ရင်း ပြန်လည်ဆုတ်ခွာ

Share this News:

◼ စစ်ကောင်စီက ဒေသခံများကို လူသားတံတိုင်းလုပ်ကာ ဆုတ်ခွာစဥ် အမျိူးသမီး တချို့နဲ့
ကလေးငယ်အချို့အပါအဝင် ရွာသူရွာသား(၆)ဦးခန့် ပျောက်ဆုံးနေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖေဖေါ်ဝါရီ (၁၆) ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို လူသားတံတိုင်းလုပ်ပြီး ပြန်ဆုတ်ခွာခဲ့တယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG) ကာကွယ်‌ရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ(၁၇)ရက်မှာ ထုတ်ပြန်ချက်အရသိရပါတယ်။

KNLA ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီ ဇရဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်း အင်အား(၅၀)ခန့် တို့ဟာ နာရီဝက်ကြာတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – ပေးပို့ | ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။

တိုက်ပွဲဖြစ်ချိန်တွင် စစ်ကောင်စီတပ်က ဒါလီကျေးရွာနဲ့ ထီးမူးခီး ရွာနေပြည်ဒေသခံများကို လူသားတံတိုင်းလုပ် အကာအကွယ်ယူကာ ပြန်လည်ဆုတ်ခွာ သွားတယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။

အဲဒီလို ဆုတ်ခွာပြီးတဲ့အချိန်မှာ အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် ရွာသူ၊ ရွာသား ခြောက်ဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။