Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ခင်ဦးမြို့နယ်ရှိ လက်ပံလှရွာကို မီးရှို့ဖျက်ဆီးပြီး သီလရှင်(၁)ပါးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့

Share this News:

◼ဒေသခံနေအိမ်(၂၅၀)မီးလောင်ဆုံးရှုံးပြီး အသက်(၇၀) အရွယ် သီလရှင်တပါး နေအိမ်ထဲတွင် မီးရှို့ သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ(၁၃)ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အသက် (၇၀)အရွယ် သီလရှင်ဆရာတပါးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ မကျီးတုံကျေးရွာမှ ပျူစောထီးများပါတဲ့ အင်အား(၁၀၀)ခန့်စစ်ကြောင်းဟာ ဒေသခံများရဲ့နေအိမ်(၂၅၀) ကျော်ကို မီးလောင်ဗုံးတွေ၊ ရေနံဆီမီးစာတွေနဲ့မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo |ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး။
မီးရှို့ဖျက်ဆီးခံရသည့် လက်ပံလှကျေးရွာအား တွေ့ရစဥ်။

အဲဒီလိုမီးရှို့ဖျက်ဆီးပြီး နောက်မှာ ကျေးရွာထဲက အသက်(၇၀)အရွယ် သီလရှင်ဆရာတဦးကိုနေအိမ်အတွင်းမှာပဲ မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ (၈ )ရက်မှာ ရေဦးမြို့ကတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာက အိမ်ခြေ (၅၀၀)ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၆၆)ရွာက နေအိမ်ပေါင်း (၄,၀၀၀) ကျော် ပြာကျပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရဲဘော်နှင့် ဒေသခံပြည်သူ ၂၅၀ နီးပါး ကျဆုံးခဲ့ရပြီဖြစ်တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။