Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြိတ်မြို့နယ်က စစ်ဆေးရေးဂိတ်တိုက်ပွဲ စစ်ကောင်စီဘက်က (၃)ဦးသေဆုံး (၅)ဦးဒဏ်ရာရရှိ

Share this News:

◼ MA 3 သေနတ်တလက်သိမ်းဆည်းရမိခဲ့

တနင်္သာရီတိုင်း၊မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာ လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေး စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ (၁၇) ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် အကြမ်းဖက်တပ်သား (၃) ဦးသေဆုံးခဲ့တယ်လို့ တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးက သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၂ ၊ တနင်္သာရီမြို့နယ် (ပ.က.ဖ)၊ မြိတ်မြို့နယ် (ပ.က.ဖ)၊ ကျွန်းစုမြို့နယ် (ပ.က.ဖ) ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာပါ။

သိမ်းဆည်းရမိသည့် MA3 သေနတ်။

တိုက်ပွဲဟာ (၂) နာရီ အကြာတိုက်ခိုက်ခဲ့ကြရတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား(၃)ဦးသေဆုံးခဲ့ပြီး (၅) ဦးဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် MA 3 သေနတ်တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့​တွေ ထိခိုက်မှုမရှိ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

270
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
338
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
173
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။