Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကန့်ဘလူနယ်ရှိ စစ်ဘေးရှောင်ပြည်သူ(၂)ဦးကို ခမရ(၃၆၈)နဲ့ ပျူစောထီးအဖွဲ့က မီးရှို့သတ်ဖြတ်ခဲ့

Share this News:

◼ အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦးတို့ကို အကြမ်းဖက်စစ်တပ်က
လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်က စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး အဖွဲ့တွေက မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ဖေဖေါ်ဝါရီ(၁၈) ရက်မှာ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၈) နဲ့ ပျူစောထီး အင်အား ၁၂၀ ခန့်ဟာ စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်လာပြီး ကိုင်းရိုးရွာအနီးရှိတောထဲ တဲတိုက်မှာ စစ်ရှောင်နေတဲ့ အသက် ၂၂နှစ် နဲ့ ၃၂ နှစ်အရွယ် အမျိုးသားနှစ်ဦးကို တွေ့ရှိပြီး သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသား (၂) ဦးကို သူတို့ရဲ့ဆိုင်ကယ်နှစ်စီးနဲ့အတူ အနီးမှာရှိတဲ့ ထွန်စက်ပေါ် တင်ပြီးရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့ တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်းလယ်ကြီးရွာ က အသက်မပြည့်သေးတဲ့ (၁၅) နှစ်အရွယ် ကလေးတဦးနဲ့ အသက်၂၀ ကျော် အမျိုးသမီးတဦးကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ အင်းလယ်ကြီး၊သရက်တာ၊အင်္ဂါထောင့်၊ ကိုင်းရိုး၊မဲသည်၊ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ရွာသစ်၊ဉာဏ်အင်း၊ထိန်တော၊သပြေသာ၊ ဗိုလ်ကုန်း၊ရှမ်းတပ်၊မန်ကျီးကုန်း၊ဆူးတပ်၊ဆင်နင်း နဲ့ ဖုတ်ကုန်းရွာစတဲ့ ကျေးရွာပေါင်း (၁၈) ရွာက ပြည်သူ တသောင်းခွဲလောက် ဟာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာအပါအဝင် စစ်ဘေးရှောင်တွေအတွက် အရေးပေါ် အကူအညီ တွေအများအပြား လိုအပ်နေကြောင်းကိုလည်း သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

290
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။