Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မုံရွာ လဝက ရုံး PDF လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ(၃)ဦးသေဆုံး

Share this News:

◼ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၃) ဦး သေဆုံး

မုံရွာမြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက) ရုံးကို ဖေဖေါ်ဝါရီ (၁၈)ရက် မနက် အစောပိုင်း ၃ နာရီအချိန်မှာ လောင်ချာနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ရင်း(၇)- Lightning People Defence Force အဖွဲ့ရဲ့ ဖေဖေါ်ဝါရီ (၁၈) ရက်မှာ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီ လဝက ရုံးဟာ ပြည်သူလူထုကို ငွေညှစ်နှိပ်စက်နေတဲ့အတွက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ရင်း(၇)- Lightning People Defence Force အဖွဲ့ ရဲ့ သတင်းနှင့် ပြန်ကြားရေးက ပြောပါတယ်။

မုံရွာ မြို့မြင်ကွင်း။ ဓာတ်ပုံ – CRD

ဒါ့အပြင် ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ဖြိုဖျက်သွားမှာ ဖြစ်တာကြောင့် ပြည်သူများ တတ်နိုင်တဲ့ ဘက်ကနေ ကူညီထောက်ပံ့ကြဖို့ Lightning People Defence Forceက မေတ္တာရပ်ခံထားပါတယ်။

အဲဒီ လဝကရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဆိုရင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၃) ရက်ကလည်း အဲဒီလဝကရုံးကနေ စစ်ဆေးဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သေးတယ်လို့ Chindwin Attack Force ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။