Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

NUG ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဒေသခံတွေနဲ့အတူ PDF အဖွဲ့တွေပါ ဖြေဆိုကြမည်

Share this News:

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စစ်ဒေသခွဲအမှတ် (၃) အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ရဲဘော်၊ ရဲမေ တွေပါ ပါဝင်ဖြေဆိုသွားကြမှာ ဖြစ်တယ်လို့ စစ်ဒေသခွဲ အမှတ် (၃) ၊ သတင်းနှင့် ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တာဝန်အသီးအသီးထမ်းဆောင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်၊ ရဲမေတွေအတွက်လည်း အချိန်ပိုများယူကာ လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ စစ်ဒေသခွဲ အမှတ် ၃ ၊ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမများနဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကလည်း စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေတဲ့ ဒေသခံပြည်သူများနဲ့ ရဲဘော်၊ ရဲမေတွေကို တပတ် (၇) ရက်နဲ့ တနေ့ ၂ နာရီအချိန်ယူ စာသင်ကြားပေးခဲ့ကြတာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ‌ဖြေဆိုကြမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အနေနဲ့လည်း အခုလို တာဝန်တွေထမ်းဆောင်နေချိန်မှာလည်း ပညာရေးသင်ယူခွင့် မဆုံးရှုံးအောင်ဆောင်ရွက်ပေးတဲ့အတွက် NUG အစိုးရကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ရဲဘော်တွေရဲ့ တော်လှန်ရေးကာလအတွင်း ပညာသင်ယူခွင့်အခွင့်အလမ်းနဲ့ ပညာသင်ယူရာမှာ No Discrimination – ခွဲခြားဆက်ဆံခံရမှု မရှိစေရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအတွင်းရှိ ရဲဘော်တွေကို ဂရုတစိုက်စောင့်ကြည့်လျက်ရှိတယ်လို့သိရပါတယ်။

လူငယ်များရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တော်လှန်ရေးကာလအတွင်း မဆုံးရှုံးစေရန်အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိတယ်လို့ စစ်ဒေသခွဲ အမှတ် (၃) က အသိပေးဖော်ပြထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

270
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
338
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
173
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။