Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြင်းမူတွင် PAFD အဖွဲ့ရဲ့ စစ်ဆင်ရေးတခု ပြည်သူအချို့ကြောင့် ပစ်မှတ်ကို မတိုက်ခိုက်နိုင်ဘဲ ဖျက်သိမ်းခဲ့ရ

Share this News:

စစ်ကိုင်းတိုင်း မြင်းမူမြို့ ရှိ အကြမ်း‌ဖက်စစ်ကောင်စီတပ်ကို ပါဆယ်မိုင်းနဲ့ တိုက်ခိုက်ဖို့ ဖေဖေါ်ဝါရီ (၁၉) ရက်က
ပြင်ဆင်ထားတုန်းမှာ ပြည်သူတွေ ဖြတ်သန်းသွားလာနေကြတာကြောင့် စစ်ဆင်ရေးကို ဖျက်သိမ်းလိုက်ရတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ပြန်ကြားရေးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြင်းမူမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲစခန်း ရှိရာ လွတ်လပ်ရေးကျောက်တိုင်အနီး မှာ ခွေးစာလို့ရေးထား ပါဆယ်မိုင်းနဲ့ တိုက်ခိုက်ဖို့အတွက် PAFD ရဲဘော်များတွေက အဆင်သင့်ပြင်ထားပြီးသားဖြစ်ပါတယ်။

အကြမ်းဖက် စစ်​ကောင်စီတပ်သားသုံးဦး စခန်းက ထွက်လာချိန်ဖောက်ခွဲတိုက်ခိုက်တော့မယ့် အချိန်မှာပဲ စစ်သားတွေ နဲ့ အတူ အမျိုးသမီးတဦး၊ ကလေးတဦးနဲ့ ပြည်သူ့ကားတစီးတို့ ပစ်မှတ်နားကို ကပ်လာတာကြောင့် ပြည်သူတွေကို ငဲ့ညှာပြီးတော့ ဖောက်ခွဲမှုမလုပ်ခဲ့တာ ဖြစ်တယ်လို့ PAFD ပြန်ကြားရေး က ပြောပါတယ်။

အခြေအနေတွေကို ထပ်မံစောင့်ဆိုင်းနေတုန်းမှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်က သိရှိသွားတာကြောင့် မိုင်းရှင်းအဖွဲ့တွေ ရောက်လာပြီး ဖောက်ခွဲ ဖျက်ဆီးလိုက်တာကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ ရတာ ဖြစ်ပါတယ်။

နောက်နောင်တွင် အကြမ်းဖက် စစ်ကောင်စီနောက်လိုက်များရှိရာနေရာတွေကို ပြည်သူများအနေနဲ့ ဖြတ်သန်းသွားလာခြင်းတွေမပြုလုပ်ကြဖို့ ၊ ရှောင်ရှားကြဖို့ ပြည်သူတွေကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က မေတ္တာ ရပ်ခံ ထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU). People’s Knight Defense Force Myinmu (PKDF.MMU).မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force(TTAPDF). D.B.B.F.MMU မဟာမိတ်အဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။