Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရွှေဘိုမြို့မရဲစခန်း၊ မြဝတီဘဏ်တို့ရှိ စစ်ကောင်စီလုံခြုံရေးအဖွဲ့ မိုင်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

Share this News:

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့ မြို့မရဲစခန်းနဲ့ မြဝတီဘဏ် လုံခြုံရေးအဖွဲ့ကို ဖေဖေါ် ဝါရီ (၁၉)ရက်ည (၇)နာရီအချိန်မှာ လက်ပစ်မိုင်း နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Who am i-Army အဖွဲ့ က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွှေဘိုမြို့၊ လမ်းမတော်လမ်းရှိ မြဝတီဘဏ်

ရွှေဘိုမြို့၊ လမ်းမတော်လမ်းရှိ မြဝတီဘဏ်ရှေ့ဘန်ကာထဲက ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား (၇)ဦးကို Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့တွေက K.R.L လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Who am i-Army အဖွဲ့ ပြန်ကြားရေး ကပြောပါတယ်။

အဲဒီလိုပစ်ခတ်တိုက်ခိုက်ပြီးချိန်မှာ အကြမ်းဖက် စစ်ကောင်စီ ဘက်ကပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီ ဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့မ ရဲစခန်းကို Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖေါ် ဝါရီ (၁၈) ရက်မှာ လက်ပစ်ဗုံးနဲ့ ရဲစခန်းအတွင်း က မျှော်စင်ပေါ်မှာ ကင်းစောင့်နေတဲ့ရဲတွေကို ပစ်ခတ်တိုက်ခိုက်‌ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ ထိခိုက်မှုအခြေအနေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ Who am i-Army အဖွဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

271
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
338
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
174
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။