Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကျောက်မျက်တောင် စခန်းသိမ်းတိုက်ပွဲ PDF တပ်ပေါင်းစု အနိုင်ရပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ

Share this News:

စစ်ကိုင်းတိုင်း ဆားလင်းကြီး နဲ့ ယင်းမာပင်မြို့နယ်ကြားရှိ ကျောက်မျက်တောင်ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ စခန်းငယ်တခုကို PDF တပ်ပေါင်းစုက ဖေဖေါ်ဝါရီ (၁၉) ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားရပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲဟာ အချိန် (၁)နာရီ ခွဲ ကြာမြင့်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးအများဆုံးဖြစ်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိ စစ်ကောင်စီရဲ့လက်နက်ခဲယမ်း အချို့၊ နင်းမိုင်းများ၊ လက်ပစ်ဗုံးများ ၊ ဒရုန်းဖျက်စက်၊ရှေ့ထွက်မိုင်း၊ ယူနီဖောင်းများ ကို သိမ်းဆည်းရမိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

မုံရွာမြို့နယ်ရှိ ကျောက်ကြီးတောင်နဲ့ ဗောဓိတထောင်တောင်ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်အထိုင်စခန်းနှစ်ခုကို ဖေဖေါ်ဝါရီ(၉)ရက် က တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ မှာ အကြမ်းဖက် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင်အမှတ်(၁)တပ်ရင်း၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။