မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ဆီမီးခုံဆိပ်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သင်္ဘောပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု (၃)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၃)ရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်း (၃)နှင့် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ (၁၀၀) ခန့်ရှိတဲ့နေရာကိုလည်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဖေဖေါ်ဝါရီ (၁၃) ရက် ညပိုင်းမှာ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈) ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နဲ့ ကျေးရွာတပ်ပေါင်းစု တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း၊ တပ်ခွဲအဖွဲ့တွေဟာ အကြမ်းဖက် စစ်ကောင်စီ စစ်ဆင်ရေးများကို ဆက်တိုက်ဖော်ဆောင်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။