PDF တွေလက်ထဲ လက်နက်တွေ အသာတကြည် အပ်နှံလိုက်တာကြောင့် ပျူစောထီးနဲ့ သွေးသောက်အဖွဲ့ဝင်အချို့ကို စကစက ဖမ်းဆီးလိုက်ပါတယ်။
NRDF အဖွဲ့က နိုဝင်ဘာ(၃၀)ရက်၊ နေ့လယ်(၁၂)နာရီခန့်မှာ ရဲအသွင်ယူပြီး နေအိမ်သို့ဝင်ရောက်ကာ လက်နက်တွေကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
“အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမည်ခံ ပျူကျော်ဆွေ၏ နေအိမ်သို့ ကျွန်ုပ်တို့ Natogyi Regional Defence Force – NRDF မှ ရဲတပ်ဖွဲ့ အသွင်ယူပြီး ၎င်း ကျော်ဆွေထံမှ MA-3 မောင်းပြန် တစ်လက် ၊ ကာဗိုင် သေနတ် သုံးလက် နှင့် ကျည် အချို့ကို ဝင်ရောက် သိမ်းဆည်းခဲ့ပါသည်။ ပျူ ကျော်ဆွေသည် မိမိတို့အား တုန်တုန်ယင်ယင်ဖြင့် အသာတကြည် ထုတ်ပေးခဲ့ရသည်။”
NRDF အဖွဲ့တွေကို လက်နက်တွေအပြင် လက်ကိုင်ဖုန်းနဲ့ ဆိုင်ကယ်တစီးကိုပါ ပျူခေါင်းဆောင်ကျော်ဆွေက အပ်နှံခဲ့ပါသေးတယ်။
လက်ရှိမှာစစ်ကြောရေးကို ရှောက်ရှိနေတဲ့ ပျူခေါင်းဆောင် ကျော်ဆွေဟာ သွေးသောက်အဖွဲ့ဝင်အချို့နဲ့အတူ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာတဝိုက်မှာ လက်နက်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့်လေ့ရှိတယ်လို့ သိရပါတယ်။