Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက် စစ်ကောင်စီ KNU တပ်မဟာ (၅) နယ်မြေကို လေကြောင်းမှ ဗုံးကြဲ

Share this News:

စစ်ကောင်စီတိုက်လေယာဉ်က ဗုံးသီး(၁၂)လုံး လယ်မြေအတွင်း ကြဲချ


KNUတပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ရှိ ကျေးရွာတွေ ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ (၆) ရက် က စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲအနေဖြင့်တိုက်ခိုက်နိုင်ခဲ့ပြီး စခန်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။


အဲဒီလိုတိုက်ခိုက်ခံရပြီးနောက် ဒီနေ့ ဒီဇင်ဘာ (၇) ရက်မနက်ပိုင်းမှာ စစ်အုပ်စုဘက်က တိုက်လေယာဉ် (၂)စီးနဲ့ ဒေဘုနိုကျေးရွာအတွင်းကို ဗုံးသီးကြဲချခြင်း ၊ အခြားကျေးရွာတွေကို အမြောက်လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


ယနေ့ ဒီဇင်ဘာ (၇) ရက် မနက် ၄နာရီခွဲအချိန်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစီးဟာဖာပွန် (မူတြော်) ခရိုင်လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းရှိ ဒေဘုနိုကျေးရွာအတွင်းကို ဗုံးသီး နှစ်လုံး လာရောက်ကြဲချခဲ့တဲ့အတွက် ရောဘာ်ပင်များကိုပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။


အဲဒီ တချိန်တည်း မှာပဲ ဘူးသိုမြို့နယ်၊ ခေါပု(ခေါပုတ်)ကျေးရွာအုပ်စုအတွင်းရှိ ဖောထာကျေးရွာ အနီးအနားလယ်မြေအတွင်းကို အကြမ်းဖက် စစ်ကောင်စီတိုက်လေယာဉ်က ဗုံးသီး(၁၂)လုံးလာရောက်ကြဲချ ခဲ့တဲ့အတွက် ဒေသခံ ပြည်သူပိုင် ကျွဲ(၆)ကောင် ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


နံနက် ၁၀နာရီခန့်တွင် ဖာပွန်မြို့အခြေစိုက်တပ်စခန်းမှ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စုအတွင်းရှိ ဘောခေါ်ဒဲကျေးရွာအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၁၀နာရီ ကျော်တွင်လည်း ထိုဝီးဒဲကျေးရွာနားရှိတောစပ်တစ်နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြန်ပါတယ်။


ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၅)က ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၁၀ ကျော်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ယခုလ ဒီဇင်ဘာ( ၆)ရက်မှစ၍ စစ်ကောင်စီတပ်စခန်းအချို့ကို KNUက သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ရာ ယမန်နေ့က ညာတခိုကျိုး စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
208
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။