Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းကို အမြန်ဆုံး အရေးယူပိတ်ဆို့ ဖို့ ကန် အစိုးရကို တောင်းဆို

Share this News:

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အချက်(၃)ချက်တောင်းဆိုထား ၊ ဘဏ်များကို အရေးယူနိုင်ရန် ကိစ္စပါဝင်နေ

မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို အမြန်ဆုံး အရေးယူ ပိတ်ဆို့ ဖို့ကန်အစိုးရကို အဖွဲ့အစည်း(၃၆၆) ဖွဲ့ကလက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။


အမေရိကန် အစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဒဏ်ခတ်တာတွေ မလုပ်ဘဲ ဆင်ခြေပေးနေတာတွေကို ရပ်တန့်ပြီး မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို အမြန်ဆုံး အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းကို အဖွဲ့အစည်း (၃၆၆) ဖွဲ့က လက်မှတ်ရေးထိုးတောင်းဆို လိုက်တာဖြစ်ပါတယ်။


အဲဒီ အိတ်ဖွင့်ပေးစာ ထဲမှာ ကန် အစိုးရ အနေနဲ့ စောင့်ကြည့်လေ့လာရေးမဟာဗျူဟာ တွေလုပ်ဆောင်နေမယ့်အစား မဟာမိတ်များနဲ့ အတူ အကြမ်းဖက် စစ်အုပ်စုရဲ့သွေးချောင်းစီးနေတဲ့အာဏာသိမ်းမှုကို ရပ်တန့်ရန် အဓိပ္ပါယ်ရှိတဲ့လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပြီ ဆိုပြီးတော့ ဖော်ပြထားတာပါ။

ရေနံလုပ်ကွက် တခုကိုတွေ့ရစဉ်။


အိတ်ဖွင့်ပေးစာထဲမှာ အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။ အဲဒါတွေကတော့ အရေးယူပိတ်ဆို့ဒဏ်ခတ်တဲ့ နည်းလမ်းကို အသုံးပြုပြီး စစ်အုပ်စုထံစီးဝင်နေတဲ့ ဓာတ်ငွေ့ က ရတဲ့ ဝင်ငွေတွေ ကို ရပ်တန့်သွားစေရန် နဲ့ အဲဒီဝင်ငွေတွေကို နိုင်ငံတကာကအသိ အမှတ်ပြုတရားဝင်တဲ့အစိုးရကို ပေးဆောင်ရေးအတွက် ထိန်းသိမ်းထားနိုင်ရန် အခြားသူများနဲ့ ပူးပေါင်းစီစဉ်ထား ပေးရန် တို့ ကို တောင်းဆိုထားတာဖြစ်ပါတယ်။


ဒုတိယအချက်ကတော့ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းနဲ့ စပ်လျဉ်းပြီး အမေရိကန်နိုင်ငံဘဏ္ဍာရေးဌာနရဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်သော စီးပွားရေးအကြံပေးချက်တွေ အတိုင်း အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေပေးဆောင်တဲ့ ဓာတ်ငွေ့ကုမ္ပဏီများနဲ့ ဘဏ်များကို ဆက်သွယ်ပြီး စစ်အုပ်စုကိုငွေဆက်ပေးနေခြင်း၊ ဘဏ်များအားအသုံးပြုခွင့်ပေးနေခြင်းတို့ကို ငွေကြေးခဝါချမှု လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ဆက်လက်ပေးဆောင် ခြင်းမပြုရန် နှင့် လိုက်နာရန်ပျက်ကွက်ခဲ့ပါကနောက်ဆက်တွဲ အကျိုးဆက်များကို ခံရမည် ဖြစ်ပြီး အရေးယူ ဆောင်ရွက်မှု ပြုလုပ်သွားရန်တို့ ပါဝင်ပါတယ်။


နောက်ဆုံးအချက်ကတော့ လက်ရှိအချိန်မှာ စစ်အုပ်စုထိန်းချုပ် ထားတဲ့ အစိုးရရဲ့ ဘဏ်စာရင်းများဖြစ်ကြတဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေများကို ဆယ်စုနှစ်များစွာကြာ ငွေကြေးခဝါချပေးခဲ့တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဘဏ်များဖြစ်ကြတဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်များကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် တို့ဖြစ်ပါတယ်။


အမေရိကန်အစိုးရအနေနဲ့ အဲဒီတောင်းဆိုချက် ၃ ချက်ကို ချက်ခြင်းအရေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးဖို့အတွက်လည်း အိတ်ဖွင့်ပေးစာကနေ အဖွဲ့အစည်းတွေက လေးလေးနက်နက်တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
207
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။